TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၅-၂၀၂၀)
- ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတလောင်း ရွေးချယ်ပွဲမှာ အခုဆိုရင် Joe Biden နဲ့ Bernie Sanders တို့ နှစ်ယောက်ပဲ အဓိက ကျန်ပါတော့တယ်။ - ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရင်ဆိုင်နေရတာကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နောက်လ သွားဖို့စီစဉ်ထားတဲ့ ဂျပန်နိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ - Coronavirus ပိုး ကူးစက်မှုတိုက်ဖျက်ရေး အရေးပေါ်အသုံးစရိတ် ဒေါ်လာ ၈.၃ ဘီလျံကို အမေရိကန် အထက်လွှတ်တော်မှာ ဒီကနေ့ အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။