TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၃
တရုတ် ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီး ကန်ဖယ်ရှားပစ်၊ အာဏာသိမ်းစစ်တပ်ကို တိုးမြှင့် အရေးယူဖို့ ပြည်ပရောက် မြန်မာတွေ တောင်းဆို၊ NUG အစိုးရရဲ့ ၂ နှစ်တာ လုပ်ဆောင်မှုတွေ၊ အပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၃
ဥရောပက ဗိုက်ကင်းတွေရဲ့ ပွဲတော်၊ အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရတဲ့ ဝက်ဝံမျက်နှာ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လိပ်ခေါင်းရောဂါ ကုသပျောက်ကင်းနည်းများ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဘဝပျက်ကြရတဲ့ CDM ဝန်ထမ်းများ အကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဖေဖော်ဝါရီလ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၅ ၊ ၂၀၂၃
၂၀၂၂ ခုနှစ်မှာ မြန်မာဟာ အရပ်သားသေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ခဲ့၊ စစ်ကောင်စီပြောင်းအလဲနဲ့ နောက်ကယ်ကအကြောင်းရင်းများ စတာတွေနဲ့ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာကဏ္ဍနဲ့ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို နားဆင်ရမှာပါ။