TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၅၊ ၂၀၂၃)
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၅၊ ၂၀၂၃) ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောထား အမြင်တွေ ကွဲလွဲ၊ ရှမ်းမြောက်ဒေသမှာ သီတင်းတပတ်ကျော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၃ ထောင်ကျော်ရှိ၊ လိင်တူချစ်သူများ အားကစားပွဲတော် အာရှမှာ ပထမဆုံးအကြိမ် ကျင်းပ စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ အပတ်စဥ်ကဏ္ဍတွေကို စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (နိုဝင်ဘာ ၅ ရက်၊ ၂၀၂၃)
ပင့်ကူလူသား တထောင်လောက်နဲ့ ကမ္ဘာ့စံချိန်းချိုးဖို့ ကြိုးပမ်း၊ ကိုယ်ကြိုက်တဲ့မင်းသားကို ရုပ်တုထုလုပ် ကိုးကွယ်သူ၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ လူငယ်တွေနဲ့ စကားပြောထားတဲ့ GenZ အစီအစဉ် နောက်တော့ အမေ့အိမ်ကို လွမ်းဆွတ်ရင်း တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ လူငယ်များ နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ နိုဝင်ဘာ ၅၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၅၊ ၂၀၂၃)
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၅၊ ၂၀၂၃) ကန်နိုင်ငံခြားရေးဝန်ကြီး ပါလက်စတိုင်းသမ္မတနဲ့ ရုတ်တရက် သွားရောက်တွေ့ဆုံ၊ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဒဏ်ရာပြပွဲ ဘန်ကောက်မှာကျင်းပ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။