TV Schedule
သောကြာနေ့ နံနက်ခင်း ဗွီအိုအေ မြန်မာပိုင်း ရေဒီယို၊ ရုပ်သံအစီအစဉ်
ဗွီအိုအေ မြန်မာပိုင်း သောကြာနေ့ နံနက်ခင်း( နိုဝင်ဘာလ ၅ ရက်) တရုတ် မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားနေတဲ့သတင်း၊ ပြည်တွင်းစစ်ရှောင် IDPတွေသတင်း၊ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆန္ဒပြနေကြတဲ့သတင်း နဲ့အတူ နောက်ဆုံးရမြန်မာသတင်းတွေ၊ ရာသီဥတုဆိုင်ရာ အမေရိကန်ရဲ့အကြံပြုချက်၊ ဦးအောင်ခင်ရဲ့ မြန်မာအရေးသုံးသပ်ချက်၊ ကျန်းမာရေးအကြောင်း နဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ကြရမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၀၅-၂၀၂၁)
မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုဒေသက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ပိုများလာခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် ကအစီရင်ခံစာ ထုတ်၊ ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်၊ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster အပေါ် နောက်ထပ်စွဲချက်တင် အရေးယူလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်
သောကြာည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
နိုဝင်ဘာ ၅ - မြန်မာ့ဘာသာရေးလွတ်လပ်ခွင့် ပိုဆိုးလာကြောင်း အစီရင်ခံစာတခုမှာ ဝေဖန်ထားတဲ့သတင်းအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ရန်ကုန်မှာ အထက်တန်းပြဆရာမတဦး အသတ်ခံရ၊ ဖယ်ခုံတိုက်ပွဲ လုံးဝပါဝင်မှုမရှိကြောင်း PNLO ယတိပြတ်ငြင်းဆို၊ နိုင်ငံလုံခြုံရေး အပြည့်မပေးနိုင်တဲ့အပေါ် စစ်ကောင်စီလက်ခံပြောဆို၊ PR စနစ်ကျင့်သုံးရေး UEC နဲ့ ပါတီတွေဆွေးနွေး။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။