TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၅၊ ၂၀၂၂)
ကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရေး ၂ ရက် ဆက်တိုက်အောင်မြင်မှုမရ၊ မြန်မာ့လွတ်လပ်ရေးနေ့ အကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် တုံ့ပြန်ချက်၊ စတဲ့သတင်းနဲ့ ဆောင်းပါးတွေအပြင်၊ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၅၊ ၂၀၂၃)
အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ရွေးချယ်ရေး နှစ်ရက် ဆက်တိုက် မအောင်မြင်ခဲ့တဲ့နောက် ဒီနေ့မှာလည်း လွှတ်တော်အမတ်တွေ နောက်ထပ် မဲပေးကြပါလိမ့်မယ်။ ရုရှားသမ္မတ ပူတင် အနေနဲ့ ယူကရိန်း-ရုရှားစစ်ပွဲအတွက် ရုရှားဘက်က အပစ်ရပ်စဲပြီး မျှတတဲ့ အမြင်ရှိရမယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က တယ်လီဖုန်းက စကားပြောကြားစဉ် ပြောကြားခဲ့တယ်လို့ တူရကီသမ္မတ ရုံးကသတင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့အထဲ အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရတဲ့သတင်းထောက်တချို့လဲပါဝင်လာ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၅၊ ၂၀၂၃
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဈာပန ဗာတီကန်မှာကျင်းပ၊ ကိုဗစ်လူနာတွေနဲ့ ဘေဂျင်းဆေးရုံတွေကုတင်မလောက်တော့၊ ကြာအင်းဆိပ်ကြီးနား လေကြောင်းပစ်ခတ်မှုတွေ ဆက်ရှိနေ၊ ALP စစ်ဦးစီးချုပ်လုပ်ကြံခံရမှု AA လက်ချက်လို့စွပ်စွဲ၊ ပြန်လွတ်လာသူတွေထဲ သတင်းသမား ၉ ဦးပါ၊ အာရှအလုပ်သမားလိုအပ်ချက်နဲ့ မြန်မာလုပ်သားဈေးကွက်နဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။