TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း (စက်တင်ဘာ ၄ရက် ၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း (စက်တင်ဘာ ၄ရက် ၂၀၂၃) မြ၀တီမြို့ ထွေအုပ်ရုံးတိုက်ခိုက်ခံရမှု လူ၁၀ဦးကျော် ထိခိုက်၊ အာဆီယံထိပ်သီးအစည်းအဝေး ကန်ဒုသမ္မတတတ်ရောက်မည် စတဲ့သတင်းတွေနဲ့အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာြပည်မှပေးစာ၊မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( ၀၉.၀၄.၂၀၂၃)
ဂျကာတာမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေး အဓိကထား ဆွေးနွေး သုံးသပ်ဖို့ရှိတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံများ G20 အစည်းအဝေးမှာ တရုတ်သမ္မတ Xi Jinping မတက်ရောက်တာကို စိတ်ပျက်မိတဲ့အကြောင်း အမေရိကန် သမ္မတ Joe Biden က ပြောပါတယ်။ တူရကီက ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်နှံတင်ပို့ခွင့်ပြုရေး သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ အတွက် ရုရှားသမ္မတ Vladimir Putin၊ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ကုလသမဂ္ဂတို့ ဒီကနေ့ ဆွေးနွေးနေပါတယ်။