TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၄-၂၀၁၉)
- ဒိုရီယံ ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကုန်တွင်းပိုင်းကို ၀င်ရောက်တော့မယ့်ပုံ မရှိတော့ပေမဲ့ စိတ်ချလက်ချနေလို့ရတဲ့ အနေအထားမျိုးတော့ မဟုတ်သေးပါဘူး။ - တရုတ်ပြည်မကြီးကို ရာဇဝတ်သားတွေ လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်း တရားဝင် ရုပ်သိမ်းလိုက်ပြီလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ဒီကနေ့ ကြေညာလိုက်ပါတယ်။ - EU ဥရောပသမဂ္ဂနဲ့ သဘောတူညီချက်မရဘဲ ဗြိတိန်နိုင်ငံ EU ထဲကထွက်ခွင့် မပြုတဲ့ဥပဒေကြမ်းကို ဗြိတိန်ပါလီမာန်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။