သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၄-၂၀၂၁)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့အတွက် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အထူးကိုယ်စားလှယ်အဖြစ် အတည်ပြု၊ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါနဲ့ မိုးရာသီ ရေကြီးမှုတွေ ကြုံနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ ပြော၊ မြန်မာပြည်တွင်းဘဏ်လုပ်ငန်းတွေမှာ နိုင်ငံခြားသားဝန်ထမ်းတွေကို အကန့်အသတ်နဲ့သာ ခန့်ထားဖို့ ဗဟိုဘဏ်က သတ်မှတ်လိုက်တာကြောင့် ဘဏ်လုပ်ငန်းတွေ ထိခိုက်လာနိုင်.... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၎၊၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီး ရွေးချယ်လိုက်တာကို မြန်မာစစ်ကောင်စီဖက်ကသဘောတူ၊ အခုလို အာဆီယံကိုယ်စားလှယ်ခန့်ထားလိုက်တာကြောင့် မြန်မာ့အရေးဘာတွေပြောင်းလဲလာနိုင်မလဲ၊ မြန်မာဘဏ်တွေမှာ နိုင်ငံခြားသားဝန်ထမ်းအရေအတွက်ကန့်သတ်မှုကြောင့် ဘဏ္ဍာရေးလုပ်ငန်းတွေထိခိုက်လာနိုင်၊ ကချင် ဝိုင်းမော်အနီးမှာ တိုက်ပွဲတွေဖြစ်ပွား၊ ဖရူဆိုနဲ့ ဘောလခဲမှာ ကရင်နီကာကွယ်ရေးတပ်နဲ့မြန်မာစစ်တပ်တိုက်ပွဲဖြစ်တယ်ဆိုတဲ့ မြန်မာသတင်းတွေအပြင်၊ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်ဘယ်လိုရောက်လာသလဲဆိုတဲ့ သိပ္ပံဆိုင်ရာသတင်းကိုလည်း နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တို့ကို နားဆင်ရပါမယ်။

XS
SM
MD
LG