TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၀၄၊ ၂၀၂၃)
မြန်မာနိုင်ငံ လွပ်လပ်ခွင့်အတွက် ပြည်သူတွေရဲ့ ပြင်းပြတဲ့ လိုလားတောင်းတမှုတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ စုကျော်က အမေရိကန်ပြည်ထောင်စုကို မွေးဖွားစေခဲ့တဲ့ ပြင်းပြတဲ့ဆန္ဒမျိုးပါပဲလို့ ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဒက်ဘ် လင်း (Deb Lynn) က အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြောဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်လျှောက်ထားချက်တွေကို မနက်ဖြန် ဗုဒ္ဓဟူးနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာမယ့်အကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြော ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၄ ရက်၊ ၂၀၂၃
မြန်မာနိုင်ငံ လွတ်လပ်ခွင့်အခြေအနေ အမေရိကန်လွတ်လပ်ရေးနေ့မှာ သံရုံးတာဝန်ခံ မီးမောင်းထိုးပြောကြား၊ မြန်မာနိုင်ငံမှာ စားအုန်းဆီနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက် စတာတွေအပြင် အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။