TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၄ ရက် ၂၀၂၃
ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီ နောက်ထပ်ဒေါ်လာ သန်း ၄၀၀ ထပ်မံပေးအပ်တာ၊ ဂျာမဏီဝန်ကြီးချုပ်ကို သမ္မတအိမ်ဖြူမှာ သမ္မတဂျိုးဘိုင်ဒန်က တွေ့ဆုံတာနဲ့ စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့လူ့အခွင့်ရေး အခြေနေ ကုလ လူ့အခွင့်ရေးမဟာမင်းကြီးက အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ မတ်လ ၄ ရက်၊ ၂၀၂၃
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းကျေးရွာတွေကို ထိုးစစ်နဲ့ဖိ၊ ကျေးရွာတွေအမြောက်အများထွက်ပြေးနေရ၊ မြန်မာကို အာဆယံက ခဏထုတ်ဖို့ မလေးရှားတိုက်တွန်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေ၊ ထိုင်းမြန်မာကုန်စည်ပို့ဆောင်မှု စိုးရိမ်စရာ အနေအထားရှိသလား၊ နည်းနည်းပြန်ကျလာတဲ့ ဆန်ဈေး၊ အစရှိတဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ ပိုများလာတဲ့ စစ်ဘေးရှာင်တွေအတွက် အကူအညီ အခြေအနေ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ မတ်လ ၄ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၄၊ ၂၀၂၃)
နျူကလီးယားအရေး ဆွေးနွေးဖို့ IAEA အကြီးအကဲ အီရန်ရောက်၊ ရုရှား ကာကွယ်ရေးဝန်ကြီး ယူကရိန်း စစ်မြေပြင် ရှေ့တန်းသွားရောက် စတဲ့ ထိပ်တန်းသတင်းတွေ၊ မိသားစုနဲ့တွေ့ခွင့် ပိတ်ထားဆဲ ရခိုင်အကျဉ်းထောင်တွေအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။