TV Schedule
၂၀၂၂ မတ်လ(၄)ရက် VOA မနက်ခင်း
၂၀၂၂ မတ်လ(၄)ရက် သောကြာနေ့မနက် VOA အသံလွှင့်အစီစဉ်မှာတော့ - အရပ်သားဆုတ်ခွာရေးနဲ့ စာနာမှုလမ်ကြောင်း ဖွင့်ပေးဖို့ ရုရှား-ယူကရိန်းသဘောတူ၊ ငြိမ်းချမ်းရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်နေတဲ့ ရုရှားကျူးကျော်မှုလို့ လူ့အခွင့်အရေး မဟာမင်းကြီးပြော၊ ယူကရိန်းဒုက္ခသည်တွေကို EU နယ်မြေအတွင်း ၃ နှစ်တာ နေခွင့်ပေးမည်၊ မြန်မာနိုင်ငံမှာ အကူအညီလိုသူ ၄ သန်းအတွက် WFP က ရိက္ခာထောက်ပံ့ဖို့ စီစဉ်နေ.. စတဲ့ ထိပ်တန်းသတင်းများ။ ရုရှားနဲ့ယူကရိန်းစစ်ပွဲ သုံးသပ်ချက်အပြင်၊ ယူကရိန်းဘက်က ၀င်တိုက်ခိုက်ဖို့ ထောင်ချီတဲ့ ထိုင်းနိုင်ငံသားတွေ စာရင်းပေးနေကြတဲ့ သတင်းပေးပို့ချက်တွေအပြင် မြန်မာ့အရေးသုံးချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၄-၂၀၂၂)
ယူကရိန်းက ဥရောပမှာ အကြီးဆုံး နျူကလီးယား လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ ကို ရုရှားတပ်တွေက ထိန်းချုပ်လိုက်ပြီ၊ ယူကရိန်းနိုင်ငံ ကြုံရတဲ့ ကျုးကျော် သိမ်းပိုက်ခံရမှုမျိုး အင်ဒို ပဖိဖိတ်ဒေသမှာ အဖြစ်မခံသင့်တဲ့အကြောင်း Quad ခေါင်းဆောင်တွေ သဘောတူ၊ မြန်မာနိုင်ငံမှာ လူ လေးယောက်မှာ တယောက်နှုန်း စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြသနာကို ရင်ဆိုင်နေရပြီး WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က သန်းနဲ့ချီတဲ့ လိုအပ်နေသူတွေကို အကူအညီပိုပေးဖို့ ဆောင်ရွက်
ဗွီအိုအေ သောကြာည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
မတ် ၄ - ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံကို ရုရှားက တိုက်ခိုက် ထိန်းချုပ်လိုက်တဲ့ သတင်းအပါအဝင် ရုရှားကျူးကျော်စစ် နောက်ဆုံးသတင်းများ၊ ကချင်ဘက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ၊ ဒီပဲယင်းမှာ ရွာလုံခြုံရေးစောင့် လူငယ် ၈ ဦး အသတ်ခံရ၊ စစ်ကိုင်းတိုင်းတွင်း မြို့ကြီးလေးမြို့ကလွဲလို့ အင်တာနက်ဖြတ်ခံထားရ၊ ယင်းမာပင်၊ ကနီဘက်က လူထုကြား ကိုဗစ်လက္ခဏာ ဖျားနာသူများနေ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။