TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၄-၂၀၂၀)
-မနေ့က ပြည်နယ်ပေါင်း ၁၄ ခုမှာလုပ်တဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေမှာ ဒုတိယ သမ္မတဟောင်း Joe Biden က ပြည်နယ်အများစု အနိုင်ရပါတယ်။ -တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ ဒီနေ့ နောက်ထပ် ၅၀၀ ကျော်ရှိနေပြီး ကမ္ဘာတ၀ှမ်းမှာ သေဆုံးသူ ၃,၂၀၀ ရှိနေပါတယ်။ -အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၉ ဦးသေဆုံးပြီး ကူးစက်ခံရသူ ၁၀၀ကျော် တိုးလာနေတာကြောင့် ရောဂါပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သမ္မတ Trump အစိုးရက ကြိုးပမ်းနေပါတယ်။