TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၄ ရက် ၂၀၂၃ စနေနေ့
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၄ ရက် ၂၀၂၃ စနေနေ့ ယူကရိန်းအတွက် ဥရောပသမဂ္ဂနဲ့ အမေရိကန်က အကူညီထပ်ပေးတာ၊ တရုတ်မိုးပျံပူပေါင်းကြောင့် ကန်ဝန်ကြီးတရုတ်ခရီးစဉ်ရွှေ့ဆိုင်းတာ၊ အာဆီယံက မြန်မာစစ်တပ် အကြမ်းဖက်မှုလျှော့ချဖို့ တိုက်တွန်းတာအပြင် အာဏာသိမ်း နှစ်ပတ်လည် အထူးအစီအစဉ်အဖြစ် ပြည်သူဘက်ကရပ်တည်တဲ့ CDM သံဝန်ထမ်းတွေအကြောင်း၊ အမျိုးသမီးကဏ္ဍနဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၃
မြန်မာမှာ အာဏာသိမ်း ၂ နှစ်ကြာ စစ်အုပ်ချုပ်ရေးသက်တမ်းတိုးချိန်၊ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ထပ်ချ၊ စစ်တပ်အုပ်ချုပ်မှုအောက်က မြန်မာဟာ ကမ္ဘာ့အကျင့်ပျက်ချအစားဆုံး နိုင်ငံအဖြစ် စာရင်းအောက်ဆုံးထဲရောက်နေ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းများနဲ့ ဆန်ဈေးမကြုံဘူးလောက်အောင် မြင့်တက်တဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ၂၀၂၃ ဖေဖော်ဝါရီ ၄ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၄၊ ၂၀၂၃)
အာဆီယံဘုံ သဘောတူညီချက် ပို လက်တွေ့ကျဖို့ အင်ဒိုနီးရှား ထပ်မံတိုက်တွန်း၊ တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး နောက်တလုံး လက်တင်အမေရိကား ဝေဟင်မှာထပ်တွေ့ စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် ကူရာမဲ့ မြေယာသိမ်းဆည်းခံ ထားဝယ် လယ်သမားတွေ အကြာင်း ဒို့အသံ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား သတင်းများနဲ့ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ စတဲ့ အပတ်စဉ်အစီအစဉ်တွေ စုစည်း တင်ပြထားပါတယ်။