TV Schedule
ဗွီအိုအေ မြန်မာမနက်ခင်း (ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၂)
သမ္မတ ပူတင်ဆွေးနွေးဖို့သဘောတူရင် ရုရှားလုံခြုံရေးကို စဉ်းစားပေးသင့်တယ်လို့ပြင်သစ်သမတကပြော၊ ခေါင်းစည်းပုဝါမခြုံ မနေရဥပဒေအီရန်ပြန်လည်သုံးသပ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့်ကျင်ရေး အဝေးရောက်မြန်မာအမျိုးသမီးတွေ မြန်မာသံရုံးနဲ့အိမ်ဖြူတော်ရှေ့ဆန္ဒပြကြပါတယ်။ စတဲ့သတင်းနဲ့သတင်းပေးပို့ချက်တွေအပြီးမှာတော့၊ ဒို့အသံ၊ ဒီမိုကရေစီလူ့ အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းစတဲ့ပတ်စဉ်ကဏ္ဍတွေ ကိုကြည့်ရှုနား ဆင်ရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၂)
ကိုယ်လုံးတီးတွေစုဝေးကြတဲ့ ကမ်းခြေက နေ့တနေ့၊ ထိုင်းက မျောက်တွေ ဘူဖေးအဝစားရတဲ့ ပွဲ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လေဖြတ်သူတွေ ကုသရာမှာ ရလာဒ်ကောင်းတွေ့ရတယ်ဆိုတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်နိုင်တဲ့ ဗီဇာအမျိုးမျိုးအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၂ ဒီဇင်ဘာ ၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၄ ၊ ၂၀၂၂
ကန် လက်ထောက်ဝန်ကြီး ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်သွားမည်၊ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးနဲ့ ဆက်သွယ်မေးမြန်းချက်နဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စုများ၊ ထူးခြားဆန်းပြားသတင်းများတို့ကို နားဆက်ကြရမှာပါ။