TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း (နိုဝင်ဘာ ၄ ရက် ၂၀၂၃)
ဗွီအိုအေ မြန်မာ နံနက်ခင်း (နိုဝင်ဘာ ၄ ရက် ၂၀၂၃) အစ္စရေး−ဟားမတ်စ် ပဋိပက္ခ မကျယ်ပြန့်ရေး ကန်ဦးစားပေး ၊ သူတို့ ထိုးစစ်ဟာ အောင်မြင်မှုရနေကြောင်း မဟာမိတ် ညီနောင်(၃)ဖွဲ့ ပြောဆို စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (နိုဝင်ဘာ ၄၊ ၂၀၂၃)
ရှမ်းမြောက်တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ ညီနောင် ၃ ဖော်ဘက်က နယ်မြေများ ပိုထိန်းချုပ်နိုင်၊ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုအသစ် ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ လယ်ယာစီးပွား သတင်းတွေ၊ နောက် ရှမ်းမြောက်စစ်ဆင်ရေး ဖြစ်ထွန်းမှုအခြေအနေ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ နိုဝင်ဘာ ၄ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီအိုအေ မြန်မာညချမ်း၊ နိုဝင်ဘာ ၄၊ ၂၀၂၃
အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဝန်ကြီး Blinken ဆွေးနွေး၊ ဂျပန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဆိုင်ရာ သဘောတူမှု ရရှိ၊ တိုင်းရင်းသား မဟာမိတ်တပ်တွေ နောက်ထပ် စစ်စခန်းတွေ သိမ်းပိုက်၊ ကလေးမြို့နယ် မြောက်စည်းရွာမှာ တိုက်ပွဲဖြစ်၊ Nepal မြေငလျင် ရာချီသေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။