TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၄၊ ၂၀၂၁။
ကရင်ပြည်နယ်တွင်း KNU ထိန်းချုပ် ဒေသတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒေသတွင်းမှာ လုံခြုံရေး အခြေအနေ၊ လက်ရှိ ကြုံနေရတဲ့ မြန်မာ့ စီးပွားရေး အကြပ်အတည်း ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ စစ်ကောင်စီကြုံရနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးထားတဲ့ မြန်မာ့ အရေး ဆွေးနွေးခန်း၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာဆိုင်ရာ သတင်း ကောက်နုတ်ချက်၊ မြန်မာပြည်က ပေးစာနဲ့ သတင်းတွေထဲက သုတ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၀၄-၂၀၂၁)
ကမ္ဘာတဝှမ်း လက်ရှိနဲ့ အရင်က တာဝန်ယူခဲ့တဲ့ နိုင်ငံ ခေါင်းဆောင်တွေထဲက အိုးအိမ်ခြံမြေတွေ ကမ္ဘာ့နေရာ အနှံ့ လျှို့ဝှက် ဝယ်ယူထားကြသူတွေနဲ့ ပတ်သက်တဲ့ Pandora Papers မှတ်တမ်းတွေကို ရာနဲ့ချီတဲ့ သတင်းထောက်တွေက ဖော်ထုတ်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပြီးခဲ့တဲ့အပတ်က အဂတိ လိုက်စားမှု နဲ့ပတ်သက်ပြီးထွက်ဆိုခဲ့တာတွေဟာ All Absurd အဓိပ္ပါယ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လိုတုံ့ပြန်ခဲ့တဲ့အကြောင်း ရှေ့နေ ဦးခင်မောင်ဇော်ပြော
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၎၊၂၀၂၁
မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုမရှိတဲ့အပေါ် အင်ဒိုနီးရှားစိတ်ပျက်၊ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အဂတိမှုသုံးမှုနဲ့စွဲဖို့ပြင်ဆင်နေ၊ ဆေးပညာဆိုင်ရာနိုဘယ်ဆု ကန်သိပ္ပံပညာရှင်နှစ်ဦးရရှိ. စတဲ့သတင်းတွေနဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလောဂါတွေပြောသမျှ အပတ်စဉ်အစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။