TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၃၁ ရက် ၂၀၂၃
ယူကရိန်းက အပြင်းထန်ဆုံး တန်ပြန်ထိုးစစ် ဆင်နွှဲတာ၊ KIA ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်နေတာ၊ ဘင်္ဂလားဒေ့ရှ် ရေတပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာကိုရောက်လာတာ၊ မလေးက လူသတ်မှု သံသယနဲ့ အဖမ်းခံနေရသူတွေ ပြန်လွတ်လာတဲ့ သတင်းတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုပါ နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၃၁၊ ၂၀၂၃)
မော်စကိုမြို့တော်ကို ဦးတည်လာတဲ့ ယူကရိန်းအဝေးထိန်း ဒရုန်းတခုကို ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချလိုက်ရတယ်လို့ ရုရှားတာဝန်ရှိသူတွေကပြော၊ မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယား တနိုင်ငံလုံးကို တန်ပြန် ထိုးစစ်ဆင်သိမ်းပိုက်တဲ့ စစ်ရေးလေ့ကျင့်ပြီး ခြိမ်းခြောက်၊ အွန်လိုင်းကနေ ငွေကြေးလိမ်ညာတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေ နှိမ်နှင်းရေး တရုတ်နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ ဘီဂျင်းမြို့တော်မှာဆွေးနွေး။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၃၁၊ ၂၀၂၃)
အွန်လိုင်း ရာဇဝတ်မှုတွေ နှိမ်နင်းရေး တရုတ်-မြန်မာ ဆွေးနွေး၊ ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံတချို့မှာ ဈေးနှုန်းတွေမြင့်တက်၊ KIA နဲ့ စစ်ကောင်စီ ဝိုင်းမော်မှာ တိုက်ပွဲပြင်းထန် စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။