TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၃၁ ရက်၊ ၂၀၂၂)
မြန်မာ့အရေး တိုးမြှင့်ထောက်ပံ့ဖို့ ကန်လွှတ်တော်ကို တက်ကြွလှုပ်ရှားသူတွေတိုက်တွန်း၊ ကော့ကရိတ်တိုက်ပွဲမှာ အရပ်သားတချို့သေဆုံး၊ ရုရှားခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကွယ်လွန် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ် ကဏ္ဍတွေကိုလည်း နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ်လ ၃၁၊ ၂၀၂၂)
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လွှဲတဲ့ လစာဝင်ငွေတွေကို တခြားသူတွေကို ရောင်းချတာ၊ ဒါမှမဟုတ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖေါက်ကားတဲ့ AD လိုင်စဉ်ရ ဘဏ်ကို လွှဲပြောင်းတာတွေ လုပ်တဲ့အခါ ၂၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ရမှာဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်၊မလေးရှားနိုင်ငံက လွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက သံတမန်၊ အထူးနဲ့ သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် ပြန်ပေးမှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာ၊ ယူကရိန်း Zaporizhzhia နျူကလီးယား ဓာတ်အားပေး စက်ရုံ ဘေးကင်းလုံခြုံရေး ကိစ္စတွေ အကဲဖြတ်စစ်ဆေးဖို့အတွက် ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ရုရှား ထိန်းချုပ်ထားတဲ့ စက်ရုံ ရှိရာ ကို သွားရောက် .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၃၁ ၊ ၂၀၂၂
ပြည်ပရောက်မြန်မာတွေ ပြည်တွင်းကို ငွေလွဲပြောင်းခွင့် ဗဟိုဘဏ်ကန့်သတ်၊ မလေးရှားကလွဲလို့ တခြားအာဆီယံနိုင်ငံတွေကို ပြည်ဝင်ခွင့် ကင်းလွတ်ခွင့်ပေး၊ ဟားခါးမှာ လူနေအိမ်ပေါ် လက်နက်ကြီးကျည်ကျလို့ ၄ ဦးထက်မနည်း ဒဏ်ရာရ၊ မောင်တောမြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို တင်ဆက်ပေးသွားမှာပါ။