TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၃၁ ရက်၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၃၁ ရက်၊ ၂၀၂၃ မြန်မာအထည်ချုပ် ပြည်ပတင်ပို့မှု တိုးလာ၊ မုန်တိုင်းဒုက္ခသည် ဒေသခံ နှစ်သိန်းကျော်ကို WFP ကူညီခဲ့ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရီးသွား၊ နေရာပေါင်းစုံအကြောင်းစုံ အစီအစဉ်တွေ ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၃၁၊ ၂၀၂၃)
မြောက်ကိုရီးယား ဆက်သွယ်ရေးဂြိုလ်တု အာကာသထဲ ပစ်လွှတ်တာ မအောင်မြင်ဘဲ ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။ယူကရိန်း အရှေ့ပိုင်း လူဟန့်ဒေသမှာ ယူကရိန်းက အမြှောက်နဲ့ ပစ်တာကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရသွားတယ်လို့ ရုရှားဘက်က ပြောပါတယ်။မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ မိုခါမုန်တိုင်းကြောင့် သီးနှံတွေ ပျက်ဆီးခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ပါ ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန် ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။