TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)
အစ္စရေးကို အရေးပေါ် လက်နက်ရောင်းချဖို့ ဝန်ကြီးဘလင်ကန် အတည်ပြု၊ ရှမ်းမြောက်မှာ သောင်တင်နေတဲ့ ဗီယက်နမ် ၄၀၀ နီးပါး နေရပ်ပြန်ပို့ စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့အတူ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ နှစ်ချုပ် အစီအစဥ်၊ အာရှနိုင်ငံရေး တနှစ်တာ အထူး စုစည်းတင်ပြချက်၊ ဒို့အသံ၊ လယ်ယာစီးပွား၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဥ်ကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)
သီလရှင်ဝတ်စုံနဲ့ ဆေးခြောက်ကြိုက်တဲ့ အမျိုးသမီးတသိုက်၊ ကားမှောက်ပြီး ကားထဲမှာ ၆ ရက် ညပ်နေသူ ကယ်သူတွေ့လို့ အသက်မသေ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ GenZ တွေရဲ့ နှစ်သစ်မျှော်လင့်ချက်၊ နောက်တော့ ထိုင်းရောက် မြန်မာများရဲ့ ၂၀၂၃ ထူးခြားဖြစ်ရပ်များ နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဒီဇင်ဘာ ၃၁၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီအိုအေ မြန်မာညချမ်း၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၃
ဂါဇာဒေသအတွင်း နေရာတချို့ကို အစ္စရေးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တု ၃ စင်း ထပ်မံ လွှတ်တင်မှာ ဖြစ်သလို၊ စစ်ဖက်သုံး ဒရုန်းယာဉ်တွေနဲ့ နျူကလီးယားလက်နက် ပိုပြီး ပိုင်ဆိုင်လာအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောပါတယ်။ ကမ္ဘာတဝန်း နှစ်သစ်ကို စတင်ကြိုဆိုနေကြပါပြီ။