TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာ ၃၁ ရက် ၂၀၂၂ စနေနေ့
၂၀၂၃ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာမယ့် အင်ဒိုနီးရှားရဲ့ မြန်မာအပေါ် သဘောထား၊ ထိုင်းကမြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် ပြန်ပို့ တာနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ VOA တွေ့ဆုံမေးမြန်းခန်း နဲ့အတူ ၂၀၂၂ အတွက် အမျိုးသမီးကဏ္ဍနဲ့ သိပ္ပံနဲ့နည်းပညာ အနှစ်ချုပ် တွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂
နှစ်တနှစ်ကုန်ဆုံးချိန် မြန်မာလူထု စစ်ကောင်စီရဲ့ ထိုးစစ်၊ နှိမ်နင်းမှုတွေ ကြုံနေရဆဲ၊ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ ဆွေးနွေး၊ ဒီလို မြန်မာဆိုင်ရာနဲ့ ကိုရီးယားကျွန်းဆွယ် ဒရုန်းပြဿနာ နိုင်ငံတကာ တပတ်အတွင်းသတင်း စုစည်းတင်ပြချက်၊ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ဘယ်လို တုန့်ပြန်မှုတွေရှိလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၃၁၊ ၂၀၂၂)
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ကွယ်လွန်၊ ကမ္ဘာတဝန်း နှစ်သစ်ကိုကြိုဆို စတဲ့သတင်းတွေနဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ ပျူစောထီးအဖွဲ့ထဲ ဝင်ဖို့ ရွာသားတွေ ဖိအားပေးခံနေရတဲ့အကြောင်း ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ သွေးနှောခြင်းနဲ့ သိပ္ပံပညာ၊ တပတ်အတွင်း မြန်မာသတင်းစုစည်းမှုနဲ့ လူကြည့်များ VOA လူမှုကွန်ရက်ပေါ်က သတင်းများ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။