TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၃၀ ရက် ၂၀၂၃
မြန်မာကနေ အိန္ဒိယဘက်ဝင်လာသူတိုင်းကို လက်ဗွေစကောက်နေတာ၊ အမေရိကန်က သြစတြေးလျနဲ့ ကာကွယ်ရေးဆိုင်ရာ တိုးမြှင့်ပူးပေါင်းလာတာ၊ စီးပွါးရေးကပ်ဆိုက်နေတဲ့ သီရိလင်္ကာကို ဂျပန်က အကူညီပေးမယ့် သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၃၀ ရက်၊ ၂၀၂၃)
နာမည်ကျော် V&A ပြတိုက် ထင်ရှားသူရုပ်တုတွေဘေးနား သာမန်လူရုပ်တုတွေ ခင်းကျင်းပြသ၊ လေထိုးစရာမလိုတဲ့ ကားတာယာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ခွေးရူးရောဂါကာကွယ်ဖို့ ခွေးလေခွေးလွင့်နည်းဖို့လို လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းက မြန်မာဝါဆိုသင်္ကန်းအလှူ နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇူလိုင် ၃၀၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၃၀၊ ၂၀၂၃)
ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက် တိမ်းရှောင်သူတွေတိုး၊ ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ ပညာသင်ခွင့်၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။