TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၃၀-၂၀၁၉)
- ကယ်လီဖိုးနီးယားပြည်နယ် Gilroy မြို့က အစားအသောက်ပွဲတော်မှာ ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာရသူတွေအတွက် အမှတ်တရ ဆုတောင်းပွဲ ဒီနေ့ ကျင်းပပါတယ်။ - ပါကစ္စတန် စစ်ဘက်လေယာဉ်လေးတစင်းဟာ ရာဝါလ်ပင်ဒီမြို့နားက လူနေရပ်ကွက်တခုထဲကို ပျက်ကျသွားတာကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ - ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ တင်သွင်းထားတဲ့ အစီရင်ခံစာအပေါ် ပါဝင်မဆွေးနွေးတော့ဘူးဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဒီနေ့ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။