TV Schedule
၂၀၂၂ ခု မေလ(၃၀) တနင်္လာနေ့ မနက်ခင်း VOA
ရုရှားရေနံဝယ်ယူမှု ပိတ်ပင်ရေး ဖြစ်နိုင်ခြေ EU သံတမန်တွေဆန်းစစ် ၊ Texas ပြည်နယ် ကျောင်းတွင်းပစ်ခတ်မှုဖြစ်ပွါးခဲ့တဲ့နေရာ သမ္မတ Biden သွားရောက်၊ သီရိလင်္ကာမှာ ဆန္ဒပြ လူငယ်ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ပေးမည် စတဲ့နောက်ဆုံးရသတင်းများ။ မလေးရှားမှာ ဖမ်းဆီးခံရသူတွေထဲ ရိုဟင်ဂျာတွေလည်း ပါဝင်တဲ့ သတင်းပေးပို့ချက်နဲ့ အပတ်စဉ်ကဏ္ဍမှာ -ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ သောရှင်ပေးစာ၊ သတင်းထဲက သုတ၊ ထူးခြားဆန်းပြား သတင်းများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၃၀-၂၀၂၂)
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Uvalde မြို့ကို သမ္မတ Joe Biden နဲ့ သမ္မတကတော်တို့ မနေ့က သွားရောက်ပြီး သေနတ်ပစ်ခတ်မှုက ကျန်ရစ်သူမိသားစုတွေကို အားပေးနှစ်သိမ့်၊ ဥရောပ ကောင်စီ အစည်းအဝေး မှာ ယူကရိန်း ကို အကူအညီပေးရေး၊ ရုရှားစွမ်းအင်မှီခိုရတာကို လျှော့ချရေး နဲ့ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ရှိ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဟာ မက်သာဖက်တမင်းမူးယစ်ဆေးဝါး ထုတ်လုပ်ရာ အဓိက နေရာ ဖြစ်နေ
ဗွီအိုအေရေဒီယိုညပိုင်း မေ ၃၀၊ ၂၀၂၂
စစ်ကောင်စီအကြီးအကဲနဲ့ UWSP ဒုဥက္ကဋ္ဌတွေ့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသမီးတဦးသေ၊ ရခိုင်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေ ၀င်ထွက်သွားလာမှုနဲ့ ပိုများလာ၊ အိန္ဒိယ-အာဆီယံ စည်းဝေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး မဖိတ်ဘူးလို့ အိန္ဒိယပြော စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။