TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီလ ၃၀ ရက် ၂၀၂၃
အမေရိကန်နိုင်ငံသားရာနဲ့ချီ ဆူဒန်က စတင် ကယ်ထုတ်နေတာ၊ အရှေ့အလယ်ပိုင်း ဒေသတွင်း ကန်ရှိနေမှု အီရန်မလိုလား တဲ့အကြောင်းနဲ့ အထောက်ထားမဲ့ မြန်မာ ၁၅၀ နီးပါး ထိုင်းမှာ အဖမ်းခံရတဲ့ သတင်းတွေ အပြင်- အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဧပြီ ၃၀ ရက်၊ ၂၀၂၃
ကမ္ဘာမြေအတွက် ဆုတောင်းပေးတဲ့ ပီရူးနတ်ဆရာများ၊ နာမည်ကျော် ဘာဘီ အရုပ်တွေမှာ လူ အမျိုးအစားအစုံ ပိုပြီးပါဝင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ထုတ်တဲ့ ဒေါင်းဆင်ဒရုန်း ဘာဘီအရုပ်မလေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊နာတာရှည်ရောဂါသည်ပြုစုစောင့်ရှောက်ပုံအကြောင်းသိရမယ့် လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းမှာ စီးပွားရေးလုပ်တဲ့ မြန်မာအကြောင်း၊ နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဧပြီလ ၃၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဧပြီ ၃၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
ဆူဒန်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေရဲ့ အနာဂတ်ရှေ့ရေး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။