TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာ ၃၀ ရက် ၂၀၂၂
အာဆီယံဟာ စစ်ကောင်စီအလိုကျ လိုက်လုပ်ဖို့ မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာ၊ ကိုဗစ်ကြောင့်ပိတ်ထားတဲ့ တရုတ်နယ်စပ်အခြေနေနဲ့ ဂန္တဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်သွားတဲ့ သတင်းတွေ အပြင် ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်း သတင်းလွှာတွေ အပတ်စဉ်ကဏ္ဍ တွေကိုတင်ဆက်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၃၀၊ ၂၀၂၂)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် နောက်ဆုံးစွဲဆိုထားတဲ့ အဂတိလိုက်စားမှုစွဲချက် ၅ မှုအတွက် နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချ၊ ၂၀၂၃ ခုနှစ်မှာ အမေရိကန် အစိုးရလည်ပတ်ဖို့ ဒေါ်လာ ၁ ဒသမ ၇ တြီလျံ အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတ Joe Biden လက်မှတ်ထိုး၊ ပင်လယ်ပြင်ထဲမှာ စက်လှေ နစ်မြုပ်ပြီး သေဆုံးသွားနိုင်တယ်လို့ ခန့်မှန်းခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ၄၆ ယောက် ဒီသီတင်းပတ်ထဲ ထိုင်းနိုင်ငံကို ရောက်
ဗွီအိုအေ မြန်မာညချမ်း၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂
အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့နိုင်ငံရေးပြောင်းလဲအောင် တရုတ်အထူးကိုယ်စားလှယ်သစ် ဘယ်လောက်စွမ်းနိုင်မလဲသတင်းတွေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ သံတမန်ရေးကြိုးပမ်းမှု ဆက်သွယ်မေးမြန်းချက်၊ အမျိုးသမီးကဏ္ဍ၊ သိပ္ပံနဲ့နည်းပညာနှစ်ချုပ်အထူးအစီအစဉ်တွေကို တင်ဆက်ထားပါတယ်။