TV Schedule
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၃၀ ရက်)
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၃၀ ရက်) ကိုဗစ်ပိုး မျိုးကွဲသစ် Omicron ကြောင့် စာသင်ကျောင်းတွေ စီးပွါးရေးလုပ်ငန်းတွေ ပိတ်ထားဖို့ မလိုအပ်သေးဘူးလို့ သမ္မတ Biden က ပြောကြားလိုက်တဲ့ သတင်းအပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးဆက်လုပ်နေတဲ့အကြောင်း သတင်းပေးပို့ချက်၊ Omicron ကိုဗစ်မျိုးကွဲသစ် ကမ္ဘာအနှံ့ပျံ့နှံ့လာမှု မြန်မာပြည်တွင်းစိုးရိမ်မှုရှိနေတဲ့အခြေအနေ၊ Omicron ကိုဗစ်ရောဂါပိုးသစ်ကာကွယ်ရေး ထိုင်းပြင်ဆင်နေပုံ စတာတွေနဲ့အတူ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာ စတာတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၉-၂၀၂၁)
ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ ၅၀၅-ခ အမှု စီရင်ချက်ချမယ့်ရက်ကို ဒီဇင်ဘာလ ၆ ရက်နေ့ ရွှေ့ဆိုင်း၊ ဖိနှိပ်မှုတွေ ကြားကပဲ ရန်ကုန်မြို့မှာ လူငယ်တချို့ စစ်ကောင်စီကို ရှုတ်ချ ဆန္ဒပြ၊ အမေရိကန်တွေ ကိုဗစ် ကာကွယ်ဆေး ထိုးကြဖို့ သမ္မတဘိုင်ဒန် ထပ်မံ ပန်ကြား...စတဲ့ သတင်းတွေ အပါအ၀င် နောက်ဆုံးရ သတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၃၀၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည် ၅၀၅-ခ အမှု အမိန့်ချဖို့ ရွှေ့ဆိုင်း၊ မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း အသံမိုင်းပေါက်ကွဲ၊ ခရစ္စမတ်ပွဲတော် ချင်းပြည်နယ်မြို့အများပြား ကျင်းပနိုင်မည်မဟုတ်၊ Omicron ကိုဗစ်မျိုးကွဲကာကွယ်ရေး နှာခေါင်းစည်းမဖြစ်မနေတပ်ဖို့ တာဝန်ရှိသူတွေတိုက်တွန်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်အမေရိကန်နိုင်ငံရေး၊ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။