TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(အောက်တိုဘာ၃၀၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(အောက်တိုဘာ၃၀၊၂၀၂၃) ဂါဇာစစ်ပွဲ အဆင့်သစ်တရပ်ရောက်ပြီး ကြာရှည်ခက်ခဲမယ်လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး၊ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံတည်ထောင်ဖြေရှင်းရေး ကန်သမ္မတတိုက်တွန်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာများ၊မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၃၀၊ ၂၀၂၃)
ဂါဇာက ဟားမတ်စ်ပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့သလို၊ ဆီးရီးယားနဲ့ လက်ဘနွန်မှာရှိတဲ့ ပစ်မှတ်တွေကိုလည်း အစ္စရေးလေတပ်ပစ်ခတ်၊ အစ္စရေး-ဟားမတ်စ် စစ်ပွဲပြီးဆုံးတဲ့အခါ ၂ နိုင်ငံ တည်ထောင်ရေး သဘောတူညီချက် ရအောင် ကြိုးပမ်းကြဖို့ အမေရိကန် သမ္မတ Joe Biden တောင်းဆို၊ နိုင်ငံတချို့ဟာ ကမ္ဘာကြီး မတည်မငြိမ်ဖြစ်အောင် တမင်ရည်ရွယ်ဖန်တီးနေတယ်လို့ တရုတ်ထိပ်တန်း စစ်ဘက်အရာရှိတဦးက Xiangshan (ရှန်စန်း) နိုင်ငံတကာ ကာကွယ်ရေးဖိုရမ်ဖွင့်ပွဲမှာ ဝေဖန်
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၃၀၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည် သားငယ်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်၊ ရှမ်းပြည်မြောက်ပိုင်း နယ်မြေအတော်တော်များများ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်နေ၊ အစ္စရေး-ဟားမတ်စ် စစ်ပွဲ သုံးပတ်အတွင်း ကလေးပေါင်း ၃၀၀၀ ကျော်သေဆုံး စတဲ့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ အပတ်စဥ် အစီအစဥ်တွေကို နားဆင်ကြည့်ရှုရမှာပါ။