TV Schedule
စနေမနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ
(၂၀၂၁ အောက်တိုဘာ ၃၀ ရက်) မနက် အစီအစဉ်မှာတော့ မြန်မာ့အရေး နိုင်ငံတကာက အချိန်မီဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ် Ms. Burgener ထပ်မံသတိပေး၊ တရုတ်နယ်စပ်အနီး မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ စစ်ရေးတင်းမာ ၊ KIO ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကူးစက်သူတိုး ၊ ကိုဗစ်တိုက်ဖျက်ရေး ရွှေလီနဲ့ကျယ်ဂေါင်က မြန်မာတွေ ထွက်ပေးဖို့ တရုတ်ညွှန်ကြား ၊ ထိုင်းနယ်စပ် အုန်းဖျန် မြန်မာဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူတိုးလာ .. စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာကဏ္ဍ တွေကိုလည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း ( အောက်တိုဘာ ၃၀၊ ၂၀၂၁)
ကန် လွှတ်တော်မှာ Burma Bill အတည်ပြုရေးဆွေးနွေးခန်း၊ မြန်မာကိုယ်စားလှယ်မပါဘဲ အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပ၊ ဖေ့စ်ဘုတ်ကနေ မတ်တာလို့ နာမည်ပြောင်း၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ဘယ်ဘက်က သူတွေပဲ ဖြစ်ဖြစ် လူတွေအပေါ် ကျူးလွန်နဲ့ ပြစ်မှုတွေနဲ့ ပတ်သတ်လို့ သက်သေအထောက်အထား စုဆောင်းမှု IIMM အကြီးအကဲနှင့် မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ အောက်တိုဘာ ၃၀ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း အောက်တိုဘာ၃၀၊၂၀၂၁
မြန်မာနိုင်ငံတွင်း ကလေးအခွင့်အရေးချိုးဖောက်မှုများ ကုလကိုယ်စားလှယ်တွေဝေဖန်၊ စစ်ကောင်စီရဲ့ရက်စက်မှုများ ကုလအကာအကွယ်ပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို၊ မြန်မာနဲ့ Puerto Rico ရာသီဥတုဖောက်ပြန်မှုဒဏ် အဆိုးဆုံးခံခဲ့ရ ..စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အင်္ဂါည ဆွေးနွေးဝိုင်းအစီအစဉ်တွေကို တင်ဆက်ပေးဖို့ရှိပါတယ်။