TV Schedule
ဇန်နဝါရီ ၃၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
တိုက်လေယာဉ်တွေပေးဖို့ ယူကရိန်းတောင်းခံချက် ဂျာမနီပယ်ချ၊ ကရင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဆက်ဖြစ် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီလ ၃၀၊ ၂၀၂၃)
မြန်မာနိုင်ငံမှာ စစ်တပ်က ဥပဒေမဲ့ သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်နေတဲ့အတွက် မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို အရှိန်မြင့် လုပ်ဆောင်ကြဖို့ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆို၊ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် စီးပွါးရေး ဟာ အတော်ကြီး မရေရာ မသေချာတဲ့ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ဆို၊ မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်းတွေ တိုက်ခိုက်ခံနေရမှု မြင့်တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် တောင်းဆို
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၃၀ ၊ ၂၀၂၃
စစ်အာဏာသိမ်း ၂ နှစ်ပြည့် မြန်မာပြည်အတွက် ၃ ရက် ဆုတောင်းဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို၊ မြေမြုပ်မိုင်းအန္တရာယ်ဟာ ကယားပြည်နယ် အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ လူမှုရှုခင်း အစီအစဉ်သစ်နဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရမှာပါ။