TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၃၀-၂၀၂၀)
- တရုတ်နိုင်ငံမှာ လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာသင့် မသင့် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဒီနေ့ ဆုံးဖြတ်ပါလိမ့်မယ်။ - သမ္မတ Donald Trump ကို ရာထူးကဖယ်ရှားရေး တရားစွဲဆိုတဲ့ အမှုနဲ့ ပတ်သက်လို့ အထက်လွှတ်တော်မှာ နောက်ဆုံးနေ့အဖြစ် ကြားနာ စစ်ဆေးနေပါတယ်။ - အာရှနိုင်ငံတွေမှာ လွတ်လပ်ခွင့်အပေါ် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေ ပိုများလာနေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။