TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၃ ရက် ၂၀၂၃
လေတပ်ဦးစီးချုပ်များအစည်းဝေး မြန်မာမှာကျင်းပဖို့ အာဆီယံ့ ဆုံးဖြတ်မှုကိုကန့်ကွက်တာ၊ အွန်လိုင်းငွေလဲလုပ်ငန်းနဲ့ မြန်မာ့ငွေကြေးဈေးကွက်အခြေနေ၊ မြန်မာ့အရေးဆောင်ရွက်သူ ကန်လွှတ်တော်အမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် ကွယ်လွန်တဲ့ သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာ ၃ ရက်၊ ၂၀၂၃)
ဒူဘိုင်းက ရေသန့်ဘားဆိုင်၊ နယူးယောက်က အောက်ခံဘောင်းဘီနဲ့ ဂစ်တာတီးဖျော်ဖြေတဲ့ နွားကျောင်းသားစတိုင် ကောင်းဘွိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ နိုင်ငံတကာအဆင့်မီ မိတ်ကပ်ပညာရှင် မြန်မာပြည်ကလူငယ်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ စက်တင်ဘာ ၃၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၃၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း ကျန်းမာရေးချို့တဲ့၊ အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၀ ကျော် ထိုင်းမှာဖမ်းဆီးခံရ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။