သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၀၆:၀၀ - ၀၇:၀၀

သောကြာမနက်ခင်း VOA ရေဒီယို-ရုပ်သံ

စက်တင်ဘာလ (၃) ရက်၊ သောကြာနေ့မနက် မြန်မာစံတော်ချိန် ၆း၀၀ နာရီမှ ရး၀၀ နာရီအထိ ထုတ်လွှင့်ချက်ထဲမှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်နေရာ ရရှိရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေ ဘယ်လောက်ထိ အကျိုးသက်ရောက်လာမလဲ သုံးသပ်ချက်၊ ခုရက်ပိုင်းထဲ ဒေါ်လာဈေးတက်လာနေလို့ ဗဟိုဘဏ်က ထိန်းနိုင်ဖို့ ကြိုးပမ်းနေ ၊ အာဖရိကမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးရေး ဘာကြောင့်နှောင့်နှေးနေလဲ စတဲ့ သတင်းတွေနားဆင်ရပါမယ်။ ဦးအောင်ခင် မြန်မာ့အရေးသုံးသပ်ချက် ၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတွေကိုလည်း နားဆင်ရပါတယ်။

၂၁:၀၀ - ၂၂:၀၀

ဗွီအိုအေ သောကြာည ရေဒီယို/ရုပ်သံ အစီအစဉ်

စက်တင်ဘာ ၃ - ဦးတေဇနဲ့စီးပွားရေး လုပ်ငန်းတွေ ဗြိတိန်အရေးယူမှု ကန်ကြိုဆိုတဲ့သတင်းအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းများ၊ တန့်ဆည်ဘက် ကျေးရွာတွေမှာ ဖမ်းခံရသူတွေရှိပြီးတဲ့နောက် ကျန်သူတွေ ထွက်ပြေးနေရ၊ KBC ဆုတောင်းစကားပါ 'အာဏာရှင်' ဆိုတဲ့ စကားလုံးကြောင့် အသင်းအတွင်းရေးမှူးကို စစ်ကောင်စီ ကတရားစွဲ၊ WFP အကူအညီမရလို့ ကချင်ဘက်က စစ်ရှောင်တွေ စားနပ်ရိက္ခာ အခက်တွေ့နေ။ နိုင်ငံတကာ - တာလီဘန်အောက်က အာဖဂန်လူထုကို အကူအညီပေးနိုင်ဖို့ အမေရိကန်မျှော်လင့်ဆဲ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။

XS
SM
MD
LG