TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၃-၂၀၁၉)
- Dorian ဟာရီကိန်းမုန်တိုင်းဟာ Grand Bahama ကျွန်း မြောက်ဖျားမှာ အင်အားပြင်းပြင်းနဲ့ ဆက်တိုက်နေတာကြောင့် ဘဟားမားကျွန်း နေထိုင်သူတွေ မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံနေရပါတယ်။ - ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က သူ ရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလို့ ဒီနေ့ ပြောဆိုပါတယ်။ - အာဖဂန်နစ္စတန် ကဘူးမြို့တော်က လူ ၁၆ ယောက်သေဆုံးပြီး တရာကျော် ဒဏ်ရာရတဲ့ ပေါက်ကွဲမှုဟာ သူတို့လက်ချက်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။