သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၀၆:၀၀ - ၀၇:၀၀

ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၃၊ ၂၀၂၁။

မြန်မာ့ စစ်အာဏာသိမ်းမှု အရေး အာဆီယံ အစည်းအဝေးတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဆွေးနွေးမယ့် အကြောင်း၊ အာဏာ ဆက်ပြီး ယူမယ့် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်စေမယ့် လုပ်ရပ် မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်တဲ့ အကြောင်း၊ နောက် စစ်ကောင်စီက ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းမှု အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ NLD ပါတီတို့ရဲ့ သဘောထား၊ ချေးငွေ မရတာကြောင့် လယ်သမားတွေ အခက်အခဲ ဖြစ်ရတဲ့ အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။ အပတ်စဉ် ကဏ္ဍတွေထဲမှာတော့ စီးပွားရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။ ဗွီအိုအေ အစီအစဉ်တွေကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၃-၂၀၂၁)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု တတိယလှိုင်း အရှိန်မလျော့သွားဘဲ ဆက်လက် ဖြစ်ပေါ်နေဆဲ၊ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေ အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး အာဏာဆက်လက် ချုပ်ကိုင်ထားဖို့ ကြိုးစားတဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို မျက်ကွယ်ပြုပြီး ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားနေတယ်လို့ ကုလသမဂ္ဂ ဝေဖန်၊ မြန်မာအပါအဝင် တောင်တရုတ်ပင်လယ်အရေးနဲ့ အခြားဒေသတွင်း အရေးကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောကြားမယ် ... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ် ၃၊၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။မြန်မာ့အရေးအာဆီယံအထူးသံတမန်အတည်ပြုဖို့ မြန်မာစစ်ကောင်စီရဲ့အဖြေကိုစောင့်နေ၊ မြန်မာအရေးပေါ်ကာလသက်တမ်းတိုးမှုကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဝေဖန်ပြစ်တင်၊ ရခိုင်မှာ ကိုယ်ပိုင်ပ်ချုပ်ရေးနဲ့တရားစီရင်ရေး စတင်လုပ်ဆောင်ဖို့ AA ပြင်ဆင်၊ ကယားပြည်နယ်တွင်း KNDF နဲ့ မြန်မာစစ်တပ်တိုက်ပွဲများဆက်ဖြစ်နေ၊ မူဆယ် နန်းတော်ဂိတ်ကနေ ပြန်လာတဲ့မြန်မာနိုင်ငံသား တပတ်အတွင်းနှစ်ထောင်ကျော်ရှိ၊ မြန်မာလုပ်သား ၂၉ဦးပါ ငါးဖမ်းလှေကို ထိုင်အာဏာပိုင်တွေ ရှာဖွေကယ်ဆယ်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေညဆွေးနွေးဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG