TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၃-၂၀၁၉)
တရားမ၀င်ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ Texas ပြည်နယ်က အခြေအနေဟာ ပေါက်ကွဲလုနီးနီး စိုးရိမ်ရတဲ့ အခြေအနေလို့ အမိမြေလုံခြုံရေးဌာန စစ်ဆေးရေးမှူးက အစီရင်ခံစာမှာ ဖေါ်ပြ၊ ပါကစ္စတန်နိုင်ငံက ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ BLA ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်းရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ့ တပ်မတော်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆို၊ စသည်