TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၃ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၃ ရက် ၂၀၂၃ မိုခါ မုန်တိုင်းသင့် ပြည်သူ ၉ သောင်းခွဲကျော်ကို ကုလ အကူညီပေးတာ၊ စိတ်ကြွဆေးတွေ မြန်မာကနေ ခိုးထုတ်ဖို့ ပင်လယ်လမ်းကြောင်းကို ပိုသုံးလာတာနဲ့ မိုင်းလားဆွေးနွေးပွဲ အပေါ်နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တွေအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇွန်လ ၃ ရက်၊ ၂၀၂၃
မိုခါမုန်တိုင်းသင့်ဒေသများ အကူအညီ အထူးလိုအပ်ဆဲ၊ တရုတ်စစ်ထောက်လှမ်းရေး အကြီးအကဲနဲ့ စစ်ကောင်စီတွေ့ဆုံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ၊ ကြက်သွန်စျေး၊ ပဲတင်ပို့မှုနဲ့ လယ်ယာထွက်ကုန်ဈေး အတက်အကျ အပါအဝင် လယ်ယာစီးပွား သတင်းတွေ၊ နောက်ပိုင်းမှာတော့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်နဲ့ တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃၊ ဇွန် ၃ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန် ၃ ရက်၊ ၂၀၂၃)
အိန္ဒိယ ရထားတိုက်မှု လူ ၃၀၀ နီးပါး သေဆုံး၊ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် နေရပ်ပြန်ဖို့ ဖိအားပေးခံနေရတဲ့ ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်တွေအကြောင်း ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။