TV Schedule
၂၀၂၂ ခု ဇွန်လ (၃) သောကြာနေ့ မနက်ခင်း VOA
စစ်ကောင်စီ နယ်မြေရှင်းလင်းရေး မင်းကင်းဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်၊ ရခိုင်မြောက်ပိုင်းကျောင်းတချို့မဖွင့်နိုင်သေး၊ ယူကရိန်းစစ်ပွဲ တာရှည်မည်။ သတင်းပေးပို့ချက် - စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတွေ မီးရှို့ခံရ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောင်းတချို့ မဖွင့်နိုင်သေး၊ ထိုင်းနိုင်ငံကို တရားဝင် အလုပ်သမားစေလွှတ်။ အပတ်စဉ်ကဏ္ဍ - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ ။

နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၃-၂၀၂၂)
ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်တဲ့ ရက် ၁၀၀ ပြည့်ပြီး စစ်မျက်နှာစာ တော်တော်များများမှာ တိုက်ပွဲတွေ ဆက်ဖြစ်၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ ပိုပြီး ကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြ၊ တရုတ်နိုင်ငံဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်ကို ထပ်ခါတလဲလဲ အဆိုးဝါးဆုံး ချိုးဖေါက်တဲ့ နိုင်ငံဖြစ်တယ်လို့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြ
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၃၊ ၂၀၂၂
ကန် ဘာသာရေးအစီရင်ခံစာအပေါ် ပြည်တွင်းတုန့်ပြန်မှု၊ ကိုဂျင်မီနဲ့ ကိုဖြိုးဇောယျာသော်တို့ရဲ့ သေဒဏ်ပြစ်ဒဏ်များ စစ်ကောင်စီအတည်ပြု ၊ ကယားပြည်နယ် လွိင်လင်လေးမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမျိုးသမီး၊ အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။