TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း မေ၃၊၂၀၂၃
ကမ္ဘာ့တဝန်းသတင်းလွတ်လပ်ခွင့်ကျဆင်းမှု ကုလ သတိပေး၊ “ရိုဟင်ဂျာအရေး ဝန်ထုပ်ဝန်ပိုး ရေရှည်ခံနိုင်ဖို့မလွယ်” ဘင်္ဂလာဒေ့ရ်ှဝန်ကြီးချုပ်စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံခြား၊လူမှုကွန်ယက်ပေါ်လူကြည့်များသတင်း၊ကမ္ဘာတလွှားခရီးသွားနဲ့နေရာပေါင်းစုံအကြောင်းစုံတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၃၊ ၂၀၂၃)
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၂၁၀၀ ကျော်ကို ပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ကြေညာပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ကွဲလွဲချက်တွေကို ညှိနှိုင်းဖြေရှင်းပြီး ဖွဲ့စည်းပုံနဲ့ တရားဥပဒေဘောင် အတွင်းကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရအောင်ကြိုးစားဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang က မြန်မာစစ်ခေါင်းဆောင်တွေကို ပြောဆိုပါတယ်။စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)က ဖော်ပြ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။