TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၃၊ ၂၀၂၂။
အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ အာဆီယံ အလှည့်ကျ ဥက္ကဌက တောင်းဆိုလိုက်တဲ့ အကြောင်း၊ စစ်ကိုင်းတိုင်းမှာ ကျေးရွာတွေ မီးရှို့ခံနေရပြီး ကရင် ပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ခံနေရတဲ့ အကြောင်း၊ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာတို့ကို ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၀၃-၂၀၂၂)
ယူကရိန်း အရှေ့ပိုင်းကို ရုရှားက ဒီလနှောင်းပိုင်းမှာ သူ့ နယ်မြေထဲ သိမ်းသွင်းဖို့ အစီအစဉ်ရှိနေတယ်လို့ အမေရိကန် အကြီးတန်း အရာရှိ သတိပေး၊ မြန်မာနိုင်ငံရဲ့ သတင်း မီဒီယာလွတ်လပ်ခွင့် ကမ္ဘာမှာ အဆိုးဝါးဆုံး ၅ နိုင်ငံထဲ ထိုးကျသွားကြောင်း RSF ထုတ်ပြန်၊ မြန်မာနိုင်ငံအတွက် အရေးပေါ် စာနာမှု အကူအညီပေးရေး အာဆီယံအဖွဲ့ ပြင်ဆင်…စတဲ့နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ တင်ပြထားပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း မေ၃၊၂၀၂၂
မီဒီယာလွတ်လပ်ခွင့်အဆိုးဆုံးငါးနိုင်ငံထဲ မြန်မာပါဝင်လာ၊ ၂၀၂၂ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်ရရှိ၊ ရိုဟင်ဂျာတွေအပါအဝင် Eid ပွဲတော်မဆင်နွှဲနိုင်သူတွေကို ကန်သမ္မတ အမှတ်ရစကားဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွားနဲ့ အင်္ဂါနေ့ညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။