TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်၃၊ ၂၀၂၃
ထိုင်းနိုင်ငံ ဆိုက်ရောက်ဗီဇာ (၁၄) ရက် သတ်မှတ်တာ၊ တင်းမာနေတဲ့ ဂျပန်နဲ့တရုတ် နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး တွေ့ဆုံခဲ့ကြတာနဲ့ ဘဲလားရု(စ်) နဲ့ NATO နယ်စပ်မှာ ရုရှားနျူလက်နက် ထားရှိမယ့်သတင်းတွေအပြင် ဒီမိုကရေစီဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ ထူခြားဆန်းပြားသတင်းများနဲ့ ပေးစာကဏ္ဍ တို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၃၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut မြို့ အခြေအနေနဲ့ ပတ်သက်ပြီး ယူကရိန်းဘက်ကရော ရုရှားဘက်ကရော ကြေညာချက်တွေ အမျိုးမျိုး ထုတ်၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ တနင်္ဂနွေနေ့က ကော်ဖီဆိုင်တဆိုင်အတွင်း ဗုံးခွဲတိုက်ခိုက်မှုမှာ ထင်ရှားတဲ့ ရုရှားစစ်ဘက် ဘလော့ဂါ Vladlen Tatarsky သေဆုံးခဲ့ပြီး လူပေါင်း ၃၀ နီးပါး ဒဏ်ရာရ၊ အမေရိကန်သမ္မတဟောင်း Donald Trump အင်္ဂါနေ့ ဖလော်ရီဒါပြည်နယ်မှာ မိန့်ခွန်းပြောကြားဖို့ရှိ
ဗွီအိုအေ မြန်မာညချမ်း ဧပြီလ ၃၊၂၀၂၃
ဗွီအိုအေ မြန်မာညချမ်း ဧပြီလ ၃၊၂၀၂၃ ရုရှားစစ်ဘက် ဘလော့ဂါ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံး ၊ ကိုဆိုဗို သမ္မတဟောင်းကို စစ်ရာဇ၀တ်မှုနဲ့ စတင်စစ်ဆေး၊ မလေးရှားမှာ သေဒဏ်နဲ့ မသေမခြင်းထောင်ဒဏ်ကျခံတဲ့ စနစ် ဖျက်သိမ်း စတဲ့ နောက်ဆုံးရသတင်းတွေ၊ မကွေးတိုင်းမှာ စစ်ကောင်စီတပ်တွေ အင်အားသုံးနယ်မြေရှင်းလင်း၊ ကရင်ပြည်နယ်က တိုက်ပွဲ၊ စီးပွားရေးကဏ္ဍ၊ လူမှုရှုခင်း အစီအစဉ်တို့ကို နားဆင်ကြည့်ရှုရမှာပါ။