TV Schedule
မတ်လ ၃ ရက်၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
အီရန် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ် ရုရှားကို အမေရိကန်ပြော၊ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး G-20 မှာ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း၊ စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင် ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ်လ ၃၊ ၂၀၂၃)
နိုင်ငံတကာ လက်နက် အရောင်းပြပွဲတွေမှာ ရုရှား ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီတွေ က သူတို့ ထုတ်ကုန်တွေကိုအရောင်းမြှင့်နေကြတယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန ပြော၊ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားအပေါ် အရေးယူဆောင်ရွက်တာမျိုးမလုပ်ဘဲ ဒီအတိုင်း ခွင့်ပြုထားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော၊ မြန်မာနိုင်ငံမှာ တရားလက်လွတ် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့နဲ့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ပဋိပက္ခ အားလုံးကို ဆွေးနွေးအဖြေရှာဖို့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယပါတဲ့ လေးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ (Quad) အစည်းအဝေးက ကြေညာချက် ထုတ်
ဗွီအိုအေ မြန်မာညချမ်း မတ် ၃၊ ၂၀၂၃
ဖြတ်လေးဖြတ်နဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူ့အခွင့်ရေးမဟာမင်းကြီး အစီရင်ခံစာတင်ပြ၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့ QUAD အဖွဲ့တောင်းဆို၊ ရုရှားကျူးကျော်စစ်ကိစ္စ သဘောမတူနိုင်ဘဲ G-20 ညီလာခံပြီးဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။