TV Schedule
၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၃-၂၀၂၀)
-Super Tuesday လို့ခေါ်တဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း အကြိုရွေးကောက်ပွဲတွေ ဒီကနေ့ ပြည်နယ် ၁၄ ခုမှာ တပြိုင်တည်း ကျင်းပနေပါတယ်။ -ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တား တိုက်ဖျက်ရေး ဆွေးနွေးကြဖို့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြဖို့ရှိပါတယ်။ -အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့အင်အားကို လာမယ့် ရက်ပိုင်းအတွင်း ၈,၀၀၀ ကျော်အထိ လျှော့ချသွားမယ်လို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။