TV Schedule
ဖေဖော်ဝါရီ ၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
နာဇီဂျာမနီကို အောင်ပွဲရသလို ယူကရိန်းကို အနိုင်ယူဖို့ ရုရှားသမ္မတကြွေးကြော၊် စစ်အုပ်ချုပ်ရေးကြောင့် တင်းမာမှုတွေ ကြီးထွားလာမှာ စိုးရိမ်မှုတွေထွက်ပေါ် စတာတွေအပြင်၊ စစ်အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေး အလားအလာ အထူးအစီအစဉ်နဲ့အတူ တိုင်းရင်းသတင်းလွှာ အစီအစဉ်ကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ အီးယူအဖွဲ့ဝင် ဖြစ်လာရေး ကြိုးပမ်းနေတာတွေကို ထောက်ခံ အားပေးသွားမယ့် အကြောင်း ဥရောပကောင်စီ အကြီးအကဲ ကတိပြု၊ တရုတ်နိုင်ငံဘက်က ထောက်လှမ်းစောင့်ကြည့်ဖို့ လွှတ်ထားတယ်ဆိုပြီး သံသဖြစ်ဖွယ် မိုးပျံပူပေါင်းကြီးတလုံး အမေရိကန် Montana ပြည်နယ်ပေါ်မှာ ဝဲပျံနေ၊ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ၆ လ သက်တမ်းတိုးထားချိန်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ မရှိတဲ့ကြောင်း စစ်ကောင်စီ ပြော
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၃၊ ၂၀၂၃
အမေရိကန်ဝေဟင်ထဲ မိုးပျံပူဖောင်းကြီး ထောက်လှမ်းပျံသန်း၊ စစ်ကောင်စီ သက်တမ်းတိုး ၆ လအတွင်း ရွေးကောက်ပွဲ မဖြစ်နိုင်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး၊ စစ်ရဟတ်ယာဉ် PDF ပူးပေါင်းတပ်တွေ ပစ်ချ စတဲ့သတင်းတွေနဲ့ ပြည်သူဘက်ကရပ်တည်တဲ့ CDM သံဝန်ထမ်းများအကြောင်းပါတဲ့ အာဏာသိမ်းနှစ်ပါတ်လည် အထူးအစီအစဉ်တွေကို တင်ဆက်ထားပါတယ်။