TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၃၊ ၂၀၂၃)
ဂါဇာတိုက်ပွဲ ပြန်စချိန်စလို့ အရပ်သားရာချီ ထပ်မံသေဆုံး၊ ကော့ကရိတ်တိုက်ပွဲပြင်းထန်ပြီး အရပ်သား ထိခိုက်သေဆုံးမှု ပိုများလာ၊ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အာဆီယံဆော်သြမှု အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက် စတဲ့ နောက်ဆုံးရသတင်းတွေအပြင် တနင်္ဂနွေမနက်ခင်း အပတ်စဥ်ကဏ္ဍတွေကို စုစည်းတင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၃၊ ၂၀၂၃
မက္ကဆီကိုက လူသားမျှော်စင် ဖန်တီး၊ ဗြိတိန်မှာ ခွေးတွေဆွဲတဲ့ ပန်းချီကား၊ စသည့် ထူးခြားဆန်းပြားသတင်းများ၊ ဂျပန်မှာ သွားအလုပ်လုပ်ချင်သူတွေအတွက် သိသင့်တာတွေ မေးပေးထားတဲ့ GenZ အစီအစဉ်၊ နောက်တော့ တော်လှန်ရေးအတွက် ထိုင်းရောက်မြန်မာတွေရဲ့ အလှူငွေပံ့ပိုးမှုအခြေအနေနေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဒီဇင်ဘာ ၃၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၃၊ ၂၀၂၃)
ဂါဇာဒေသတောင်ပိုင်း အစ္စရေး အပြင်းအထန် ထိုးစစ်ဆင်၊ ကျိုက်မရောမြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။