TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၀၃-၂၀၁၉)
-သမ္မတ Donald Trump ကို အရေးယူဖို့ စုံစမ်းနေတဲ့ အောက်လွှတ်တော် ကော်မတီတွေက ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်ဟောင်းကို တံခါးပိတ်မေးမြန်းဖို့ စီစဉ်နေပါတယ်။ - ဥရောပက Airbus လေယာဉ်ကုမ္ပဏီနဲ့ပါတ်သက်လို့ တိုင်ကြားထားတဲ့ကိစ္စ အမေရိကန်က အနိုင်ရပြီး EU ကတင်ပို့တဲ့ ကုန်ပစ္စည်း ဒေါ်လာ ၇.၅ ဘီလျံဖိုး ကုန်သွယ်ခွန် ကောက်ခံခွင့်ရသွားပါတယ်။ - ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina အိန္ဒိယနိုင်ငံကို ရောက်နေပြီး ခရီးစဉ်အတွင်း ကုန်သွယ်ရေးကိစ္စတွေအပြင် ဒုက္ခသည်အရေးကိစ္စတွေကိုပါ ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။