TV Schedule
ဇန်နဝါရီ ၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းမစ်ဇိုင်းဒုံးကြောင့် ရုရှားတပ်ဖွဲ့ဝင် ၆၀ ကျော်သေ၊ ကွယ်လွန်သူပုပ်ရဟန်းမင်း ဈာပန လူပေါင်းထောင်သောင်းချီ ဂါရဝပြု၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေ ယာယီရပ်ဆိုင်း စတာတွေနဲ့အတူ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင် အစီအစဉ်တွေကိုလည်း တင်ပြမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၃၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ နေရာတော်တော်များများကို ရုရှားက လေကြောင်းကတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။အမေရိကန်နဲ့ တောင်ကိုရီးယားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လုပ်ဆောင်သွားဖို့ ရှိပေမဲ့လည်း နျုကလီးယား ပူးပေါင်းလေ့ကျင့်ဖို့ စဉ်းစားထားတာ မရှိတဲ့အကြောင်း အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတဦးက ငြင်းဆိုပါတယ်။တရုတ်-မြန်မာ မူဆယ်နယ်စပ်က ကုန်သွယ်ရေးဂိတ်အားလုံးကို လာမယ့် ဇန်နဝါရီ ၈ ရက်မှာ ဖွင့်ပေးမယ်လို့ တရုတ်ယူနန်အစိုးရက စာထုတ်ပါတယ်....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၃ ၊ ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ထပ်မံချမှတ်လိုက်အပေါ် ပြင်သစ် ရှုတ်ချ၊ KIO ဥက္ကဋ္ဌတာဝန် ပြောင်းလဲ၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်မည် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ Social Media ပေါ်က သတင်းတိုလေးတွေနဲ့ နေရာပေါင်းစုံ အကြောင်းစုံတို့ကို တင်ဆက်ပေးမှာပါ။