TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၉၊ ၂၀၂၃
အမေရိကန် သမ္မတဟောင်း Donald Trump ကို လာမယ့်နှစ် မတ်လ ၄ ရက်မှာ အမှုစစ်ဆေးဖို့ အမိန့်ချ၊ ယီမင်မှာ မြန်မာ အကူအညီပေးရေး ဝန်ထမ်းတဦး အဆက်အသွယ်ပြတ်တောက်နေ၊ ဆန် စပါး ရောင်းဝယ်မှု ကန့်သတ်လာမယ့် အရေး ဈေးကွက်တွင်း စိုးရိမ် စတဲ့ သတင်းတွေ အပြင် ရိုဟင်ဂျာ အရေး တွေ့ဆုံ မေးမြန်းခန်း၊ စီးပွားရေးနဲ့ လူမှုရှုခင်း အစီအစဉ်တို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၂၉၊ ၂၀၂၃)
သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ ပြောင်းလဲအောင် လုပ်တဲ့ အမှုကို လာမယ့်နှစ် မတ်လမှာ ကြားနာစစ်ဆေးဖို့ ဖက်ဒရယ်တရားသူကြီး ဆုံးဖြတ်၊အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo နဲ့ တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်ဖို့ မျှော်လင့်ကြောင်း နှစ်ဘက် ခေါင်းဆောင်တွေကပြော၊ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ယက်က တဆင့် အဓိက သွေးထိုးမှုတွေ ရှိခဲ့တယ်ဆိုပြီး Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန်နိုင်ငံမှာတရားစွဲ။