TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၂၉ ရက် ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၂၉ ရက် ၂၀၂၃ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်မှု တားဆီးရေး G 20 မလုပ်ဆောင်နိုင်တာ၊ မြန်မာနဲ့ထိုင်းက အဓမ္မ လုပ်အားခိုင်းစေမှု နီပေါအစိုးရ သတိပေးချက်ထုတ်ပြန်တာနဲ့ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်တွေထဲ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇူလိုင် ၂၉ ရက်၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းမယ့်သတင်း မသိကြောင်း စစ်ကောင်စီပြောခွင့်ရသူ ပြော၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှကိုယ်စားလှယ် စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ စာသုံးဆီဈေး မတန်တဆ တက်နေ အပါအဝင် လယ်ယာစီးပွား သတင်းတွေ၊ နောက်ပိုင်းမှာတော့ ကျပ် ၂ သောင်းတန် ငွေစက္ကူထုတ်မယ့် သတင်းကြောင့် ဖြစ်ပေါ်လာတဲ့ဂယက်များ ရန်ကုန်က သတင်းထောက်မှတ်စုတို့ကို ၂၀၂၃၊ ဇူလိုင် ၂၉ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။