TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၉-၂၀၁၉)
- အနောက်နိုင်ငံက နိုင်ငံရေးသမားတချို့ဟာ ဟောင်ကောင်ကျွန်းကို မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတဦးက စွပ်စွဲပါတယ်။ - ကယ်လီဖိုးယားပြည်နယ် Gilorgy မြို့က ကြက်သွန်ဖြူ အစားအစာ ပွဲတော်မှာ သေနတ်သမားတဦး ၀င်ပစ်လို့ လူ ၃ ယောက်ထက်မနည်း သေဆုံးပါတယ်။ - အာဖဂန်နစ္စတန်နိုင်ငံမှာ ကားဗုံးခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ၂၀ ထက်မနည်းသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာ ရသွားတယ်လို့ အာဖဂန်အာဏာပိုင်တွေ ပြောပါတယ်။